• +95-67(3)408505
  • mmcc.office@commerce.gov.mm
ယှဉ်ပြိုင်မှုနည်းဥပဒေများ
Download : Myanmar / English
အခန်း(၁) အမည်နှင့် အဓိပ္ပ္ပာယ်ဖော်ပြချက်

၁။      ဤနည်းဥပဒေများကို ယှဉ်ပြိုင်မှုနည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။       ဤနည်းဥပဒေများတွင် ပါရှိသော စကားရပ်များသည် ယှဉ်ပြိုင်မှုဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

          (က) ဥပဒေဆိုသည်မှာ ယှဉ်ပြိုင်မှုဥပဒေကို ဆိုသည်။

        (ခ)   ကျွမ်းကျင်သူဆိုသည်မှာ သက်ဆိုင်ရာပညာရပ်နယ်ပယ်တစ်ခုခုကို သိရှိတတ်ကျွမ်းနားလည်သူ သို့မဟုတ် ယှဉ်ပြိုင်မှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အလို့ငှာ အထူး လေ့ကျင့်ပေးထားသောသူကို ဆိုသည်။

          (ဂ)   ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ဆိုသည်။

         (ဃ) ကော်မရှင်ရုံးဆိုသည်မှာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ် များနှင့် ကော်မရှင်က ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် ဝန်ကြီး ဌာနက ဖွဲ့စည်းတာဝန်ပေးအပ်သော ဦးစီးဌာနကို ဆိုသည်။

         (င)   ပုံစံဆိုသည်မှာ ဤနည်းဥပဒေများတွင် သတ်မှတ်ထားသည့် ပုံစံကို ဆိုသည်။