၅၃။ ဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို တစ်ဦးဦးက ဖောက်ဖျက်ကြောင်း သိရှိသူ သို့မဟုတ် ဖောက်ဖျက်သည်ဟု သံသယရှိသူ မည်သူမဆို ကော်မရှင်သို့ တိုက်ရိုက်ဖြစ်စေ၊ ကော်မရှင်ရုံးမှ တစ်ဆင့်ဖြစ်စေ တိုင်ကြားနိုင်သည်။
၅၄။ နည်းဥပဒေ ၅၃ အရ တိုင်ကြားရာတွင်-
(က) တိုင်ကြားမှုပုံစံ (ပုံစံ -၁) တွင် မြန်မာဘာသာဖြင့် ရှင်းလင်းစွာ ဖြည့်သွင်းတိုင်ကြားရ မည်။
(ခ) တိုင်ကြားသည့်ကိစ္စနှင့်သက်ဆိုင်သော ပြုမူဆောင်ရွက်ချက်နှင့် ခိုင်လုံသော သက်သေ ခံအထောက်အထားများ ပူးတွဲတင်ပြနိုင်သည်။
(ဂ) ကော်မရှင်နှင့် ကော်မရှင်ရုံးသည် တိုင်ကြားသူ၏ လုံခြုံရေးအတွက် ထိုသူ၏ ကိုယ်ရေး အချက်အလက်နှင့် အခြာသက်ဆိုင်နိုင်သည့် အချက်အလက်များကို လျှို့ဝှက်ထားရ မည်။
၅၅။ ကော်မရှင်ရုံးသည် ယှဉ်ပြိုင်မှုနှင့်ပတ်သက်၍ တိုင်ကြားသည့်အမှုကိစ္စတိုင်းကို အကြောင်းခြင်း ရာအရ ခိုင်လုံမှုနည်းပါးစေကာမူ တိုင်ကြားသူ၏အမည်ဖော်ထုတ်၍ တိုင်ကြားသည်ဖြစ်စေ၊ ဖော် ထုတ်ခြင်းမပြုဘဲ တိုင်ကြားသည်ဖြစ်စေ သတင်းပေးတိုင်ကြားချက်ကို မှတ်တမ်းစာအုပ်တွင် ချက် ချင်းရေးမှတ်ရမည်။
၅၆။ ကော်မရှင်ရုံးသည် ကော်မရှင်ဥက္ကဋ္ဌသို့ တိုက်ရိုက်ဖြစ်စေ၊ ကော်မရှင်ရုံးမှတစ်ဆင့်ဖြစ်စေ တိုင်ကြားလာသည့် တိုင်ကြားချက်ကို လက်ခံရရှိသည့်နေ့မှစ၍ ခုနစ်ရက်အတွင်း ခိုင်လုံသော တိုင်ကြားချက် ဟုတ်၊ မဟုတ် စိစစ်ပြီး ကော်မရှင်သို့ တင်ပြရမည်။
၅၇။ ကော်မရှင်ရုံးသည် ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် တိုင်ကြားချက်အပေါ် လက်ခံအရေးယူ ဆောင်ရွက်ခြင်း ပြု၊ မပြုကို တိုင်ကြားသူထံ ဆောလျင်စွာစာဖြင့် ရေးသားအကြောင်း ပြန်ကြားရ မည်။
၅၈။ တိုင်ကြားသူသည် မရိုးမဖြောင့်သောသဘောဖြင့် အကြောင်းခြင်းရာများကို ထိန်ချန်၍သော် လည်းကောင်း၊ အများပြည်သူကိုဖြစ်စေ၊ လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ မတရားသဖြင့် ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးနစ်နာခြင်း ဖြစ်စေရန်အကြံနှင့်သော်လည်းကောင်း၊ ထိုသို့ ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးနစ်နာြခင်း ဖြစ်စေတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း မဟုတ်မမှန် လိမ်လည်
တိုင်ကြားခြင်း၊ သက်သေထွက်ဆိုခြင်း၊ သက်သေခံအထောက်အထားများ တင်ပြခြင်းများပြုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခြင်းခံရမည်။