• +95-67(3)408505
  • mmcc.office@commerce.gov.mm
ယှဉ်ပြိုင်မှုနည်းဥပဒေများ
Download : Myanmar / English
အခန်း(၁၂) တရားစွဲဆိုခြင်း

၉၁။    နည်းဥပဒေ ၇၂ အရ တရားစွဲဆိုရန် ဆုံးဖြတ်လျှင် ကော်မရှင်သည် စုံစမ်းစစ်ဆေးရေး ကော်မတီတွင် ပါဝင်သူတစ်ဦးဦးကို တရားလိုပြုလုပ်၍ ရဲစခန်း၌ တိုင်ကြားရန် ညွှန်ကြားရမည်။

၉၂။     နည်းဥပဒေ ၉၁ အရ တရားလိုပြုလုပ်တိုင်ကြားရန် တာဝန်ပေးအပ်ခြင်း ခံရသူသည် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသည့်အခါ ယင်းအမှုနှင့်ပတ်သက်၍ ယခင်က တိုင်ကြား ခဲ့သည့် မှတ်တမ်းများရှိပါက ထိုတိုင်ကြားမှုနှင့် ပတ်သက်သည့် မှတ်တမ်းမိတ္တူနှင့် တိုင်ကြားစာမူရင်း သို့မဟုတ် ဈေးကွက်စောင့်ကြည့်လေ့လာမှုအရ သိရှိရသည့် အစီရင်ခံစာ၊ စုံစမ်းစစ်ဆေးရေး ကော်မတီ၏ စုံစမ်းစစ်ဆေးတွေ့ရှိသည့်အချက်အလက်၊ သက်သေခံအထောက်အထား၊ သုံသပ် အကြံပြုအစီရင်ခံစာ၊ မည်သည့်အတွက်ကြောင့် တရားစွဲဆိုရခြင်း အကြောင်းအရာနှင့် ပတ်သက် သည့် တင်ပြချက်နှင့် အခြားလိုအပ်သော အချက်အလက်၊ သက်သေခံအထောက်အထားများကို ပူးတွဲ၍ တိုင်ကြားရမည်။

၉၃။    စုံစမ်းစစ်ဆေးရေးကော်မတီ၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်များသည် ခိုင်မာသော သက်သေခံ အထောက်အထားဖြစ်သည်ဟု မှတ်ယူရမည်။

၉၄။    ကော်မရှင်သည် ဥပဒေချိုးဖောက်သော စီးပွားရေးလုပ်ငန်းရှင်အား ရဲစခန်းတွင် အမှုဖွင့်တိုင် ကြား၍ တရားရုံးတွင် တရားစွဲဆိုခြင်းကိုလည်းကောင်း၊ တရားရုံးမှချမှတ်သည့် ဆုံးဖြတ်ချက်များ ကိုလည်းကောင်း တိုင်ကြားသူမှ သိရှိနိုင်စေရန် စာဖြင့် ရေးသားအကြောင်းပြန်ကြားရမည်။