• +95-67(3)408505
  • mmcc.office@commerce.gov.mm
ယှဉ်ပြိုင်မှုနည်းဥပဒေများ
Download : Myanmar / English
အခန်း(၁၃) အထွေထွေ

၉၅။    ယှဉ်ပြိုင်မှုဆိုင်ရာ အမှုကိစ္စနှင့်ပတ်သက်သည့် အသုံးစရိတ်များကို ယင်းကိစ္စဆောင်ရွက်ရာ တွင်သာ အသုံးပြုရမည်။ ကော်မရှင်သည် ယှဉ်ပြိုင်မှုဆိုင်ရာအမှုကိစ္စအတွက် အသုံးပြုရမည့် နှုန်းထားများ၊ ငွေပေးချေမှုများ၊ စီမံခန့်ခွဲမှုကုန်ကျစရိတ်များနှင့် အသုံးစရိတ်များကို ဘဏ္ဍာရေးစည်း မျဉ်းနှင့်အညီ ဆောင်ရွက်ရမည်။

၉၆။    နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင်၊ ကော်မတီဝင်၊ လုပ်ငန်းအဖွဲ့ဝင်များက ယှဉ်ပြိုင်မှုနှင့်သက်ဆိုင်သည့် အစည်းအဝေးတက်ရောက်ခြင်း၊ အမှုစစ်ဆေးကြားနားခြင်းတို့အတွက် ကုန်ကျသော ခရီးစရိတ်နှင့် တည်းခိုနေထိုင်စားသောက်ခြင်းအတွက် ကုန်ကျစရိတ်ကို ကော်မရှင်၏ အသုံးစရိတ်မှ ကျခံရမည်။

၉၇။    နိုင်ငံ့ဝန်ထမ်းဖြစ်သည့် ကော်မရှင်အဖွဲ့ဝင်၊ ကော်မတီဝင်၊ လုပ်ငန်းအဖွဲ့ဝင်များသည် ယှဉ်ပြိုင် မှုနှင့်သက်ဆိုင်သည့်အစည်းအဝေးတက်ရောက်ခြင်း၊ အမှုစစ်ဆေးကြားနာခြင်းတို့အတွက် ခရီးစရိတ် နှင့် တည်းခိုနေထိုင်စားသောက်ခြင်းအတွက် ကုန်ကျစရိတ်တို့ကို ကော်မရှင်၏ အသုံးစရိတ်မှဖြစ်စေ၊ သက်ဆိုင်ရာဌာန၏ အသုံးစရိတ်မှဖြစ်စေ ခံစားနိုင်သည်။

၉၈။    ပညာရှင် သို့မဟုတ် ကျွမ်းကျင်သူများ ခေါ်ယူမှုအတွက် ထိုက်သင့်သည့် ဥာဏ်ပူဇော်ခ၊ ခရီးစရိတ်၊ တည်းခိုနေထိုင်စားသောက်စရိတ်ကို ကော်မရှင်၏ အသုံးစရိတ်မှ ကျခံရမည်။

၉၉။    ကော်မရှင်သည် ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ပြည်တွင်း၊ ပြည်ပရှိအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်သည်။