• +95-67(3)408505
  • mmcc.office@commerce.gov.mm
အမိန့်အမှတ်(၂/၂၀၂၀)
Download : Myanmar / English
အမိန့်အမှတ်၊ ၂ / ၂၀၂၀

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သည် ယှဉ်ပြိုင်မှုဥပေဒ ပုဒ်မ ၅၆ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။  စီးပွားရေးလုပ်ငန်းများ (ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင်) အကြား လွတ်လုပ်၍ မျှတသောယှဉ်ပြိုင်မှု ဖြစ်ထွန်းပေါ်ပေါက်စေရေး၊ ဈေးကွက်တွင် မျှတသောယှဉ်ပြိုင်မှုကို တစ်ပြေးညီ တိုးတက်လာစေရေး၊ သာတူညီမျှခံစားခွင့် ရရှိစေရန်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးတို့အတွက် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူများသည် အောက်ဖော်ပြပါ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ ကန့်သတ်ချက်များကို သိရှိနားလည် လိုက်နာဆောင်ရွက်ရမည်-

       (က) စီးပွားရေးလုပ်ငန်းတစ်ခုခုကို အများပြည်သူသိရှိအောင် ကြော်ငြာခြင်း၊ အခြားနည်းလမ်းတစ်မျိုမျိုးဖြင့် အရောင်းမြင့်တင်ရန် ဆောက်ရွက်ခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မှန်ကန်တိကျသော တာဝန်ယူဆောင်ရွက်ပေးနိုင်သည့် သို့မဟုတ် အာမခံမှု အပြည့်အဝ ပြုနိုင်သည့် စကားလုံးသုံးနှုန်းမှု၊ ပြောဆိုတင်ပြမှု၊ ရေးသားမှု၊​အမှတ်အသားနှင့် အချက်အလက် အသုံးပြုမှုများဖြင့်သာ ဆောင်ရွက်ရမည်။

      (ခ) အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေသည့် မှားယွင်းသော၊ မှန်ကန်မှုမရှိသော၊ သွေးဆောင်ဖြားယောင်းသော၊ လိမ်လည်လှည့်ဖြားသော သို့မဟုတ် လွဲမှားစွာ ယုံကြည် စေရန်အကြောင်းရှိသော စကားလုံးသုံးနှုန်းမှု၊ ပြောဆိုတင်ပြမှု၊ ရေးသားမှု၊ အမှတ်အသားနှင့် အချက်အလက်အသုံးပြုမှုများ မပြုလုပ်ရ။

      (ဂ) အခြားစီးပွားရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သော၊ အကျိုးဆုတ်ယုတ်စေနိုင်သော သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုများကို အနှောင့်အယှက်ဖြစ်စေနိုင်သော စကားလုံး သုံးနှုန်းမှု၊ ပြောဆိုတင်ပြမှု၊ ရေးသားမှု၊ အမှတ်အသားနှင့် အချက်အလက်များအသုံး အပြရ။

      (ဃ) အခြားစီးပွားရေးလုပ်ငန်းများနှင့် ဆင်တူယိုးမှားဖြစ်စေသော သို့မဟုတ် ထင်ယောင် ထင်မှာဖြစ်စေသော စကားလုံးသုံးနှုန်းမှု၊ ပြောဆိုတင်ပြမှု၊ ရေးသားမှု၊ အမှတ်အသားနှင့် အချက်အလက်အသုံးပြုမှုများ အပြုလုပ်ရ။

      (င) အဖွဲ့အစည်းတစ်ခုခု၏ ထောက်ခံမှု သုံမဟုတ် အသိအမှတ်ပြုမှုများရရှိ ဆောင်ရွက်နေကြောင်း အများပြည်သူအား သိရှိစေလိုသည့် စီးပွား၇ေးလုပ်ငန်းများအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းမှ အတည်ပြုထောက်ခံထားသော မှန်ကန်တိကျခိုင်မာသည့် အထောက်အထားများရှိမှသာ်လျှင် သို့မဟုတ် တင်ပြနိုင်မှသာလျှင် ဆောင်ရွက်ရမည်။

 

၂။  မည်သည့်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူမဆို အထက်အပိုဒ် ၁ ပါ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ ကန့်သတ်ချက်များကို သိရှိနားလည် လိုက်နာဆောင်ရွက်သွားရန်နှင့် လိုက်နာမှုမရှိပါက ယှဉ်ပြိုင်မှု ဥပဒေပါ စီမံခန့်ခွဲရေးနည်းလမ်းအရ ဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ အရေးယူခြင်းခံရမည်။