• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ပထမအကြိမ် ယှဉ်ပြိုင်မှုနှင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး တက်ရောက်ခြင်း

12 April, 2023


အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ( ASEAN-  China Free Trade Agreement–ACFTA) ညှိနှိုင်းဆွေးနွေးမှုများ၏ ပထမအကြိမ်ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ် ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး ( 1st ACFTA WGCC) ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၂ ရက် တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ် နိုင်ငံယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ်ရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း ( ၅၀ )ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူ စာချုပ်တွင်ထည့်သွင်းမည့် ယှဉ်ပြိုင်မှုအခန်းနှင့် စားသုံးသူကာကွယ်ရေးအခန်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

ဆက်စပ်သတင်းများ