• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
ယှဉ်ပြိုင်မှုမူဝါဒနှင့်ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း (၃၀-၅-၂၀၁၇)

30 May, 2017


ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ရှိမြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေ၏ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှု များကို နိုင်ငံမျက်နှာစာအလိုက် မြို့ကြီးများတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရဝန်ထမ်း များအား အသိပညာဖြန့်ဝေပေးလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ မေလ ၃၀ ရက်တွင် ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ယှဉ်ပြိုင်မှုမူဝါဒနှင့်ဥပဒေ အကျိုးကျေးဇူးနှင့်စိန်ခေါ်မှုများအကြောင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲအခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီးအစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူးတို့က အဖွင့်စကားပြောကြား၍ ဖွင့်လှစ်ခဲ့ကြပါသည်။

ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာစံပယ်ကြည်မောင်နှင့် ဦးစီးအရာရှိ ဒေါ်မေငြိမ်းခိုင်တို့က မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ဆင့်နှင့် ယှဉ်ပြိုင်မှုဥပဒေပြဋ္ဌာန်းခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများနှင့် ဥပဒေပါအကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ ကြကာ တက်ရောက်လာသူများမှလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ဆက်စပ်သတင်းများ