24 August, 2017
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှု မူဝါဒဌာနခွဲမှ လက်ရှိမြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေ၏ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများကို နိုင်ငံ မျက်နှာစာအလိုက် မြို့ကြီးများတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရဝန်ထမ်းများအား အသိပညာဖြန့်ဝေပေးလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်တွင် တမူးမြို့၊ ဧပရယ်မွန် ခန်းမ၌ ယှဉ်ပြိုင်မှုမူဝါဒနှင့်ဥပဒေ အကျိုးကျေးဇူးနှင့်စိန်ခေါ်မှုများအကြောင်း ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲအခမ်းအနားအား တမူးခရိုင်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမြတ် သင်းအောင်နှင့် တမူးကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းကျော်တို့က အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့ကြပါသည်။
ထို့နောက် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(TDP)မှ ဟောပြောပွဲ တာဝန်ခံ ဒေါ်အေးအေးဝင်းက EU ၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အား အကျဉ်းချုပ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာစံပယ်ကြည်မောင်နှင့် ဦးစီးအရာရှိ ဒေါ်ဝေရည်ကျော်တို့က မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ဆင့်၊ ယှဉ်ပြိုင်မှုဥပဒေပြဌာန်းခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများနှင့် ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေပါ အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြကာ တက်ရောက်လာသူများမှလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။