24 June, 2019
                 
                
၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေကို ထိန်းကျောင်းအကောင် အထည်ဖော်မည့် အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် "မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်" မိတ်ဆက် ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၄ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဖွဲ့စည်းတည်ထောင်ထားမှု၊ မြန်မာ နိုင်ငံယှဉ်ပြိုင်မှုဥပဒေနှင့် နည်းဥပဒေ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များကို အသိပေးရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများက မေးမြန်းလာသည့် မေးခွန်း များကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။
