• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
စီးပွားရေးလုပ်ငန်းများပေါင်းစည်းခြင်းဆိုင်ရာယှဉ်ပြိုင်မှုအလုပ်ရုံဆွေးနွေးပွဲ (M & A Workshop : Discussion on Merger Thresholds) ကျင်းပပြုလုပ် (၂၅-၁၀-၂၀၁၉)

25 October, 2019


စီးပွားရေးလုပ်ငန်းများပေါင်းစည်းခြင်းဆိုင်ရာ ယှဉ်ပြိုင်မှုအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အနေဖြင့် ယှဉ်ပြိုင်မှုဥပဒေအရ စီးပွားရေးလုပ်ငန်း အချင်းချင်းပေါင်းစည်းခြင်း သို့မဟုတ် ရယူခြင်း ပြုလုပ်မှုများကြောင့် ဈေးကွက်ထဲရှိ အခြား စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်ပျက်ပြားမှုမဖြစ်စေရန် ကြပ်မတ် ထိန်းကျောင်းရမည့် တာဝန်လည်းရှိပါသည်။

သို့ဖြစ်၍ စီးပွားလုပ်ငန်းများ ပေါင်းစည်းခြင်း သို့မဟုတ် ရယူခြင်းတို့အတွက် Threshold တစ်ခုသတ်မှတ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပညာရပ်များနှင့်ဆန့်ကျင်မှုမရှိဘဲ လက်တွေ့နယ်ပယ်နှင့်လည်း ကိုက်ညီမှုရှိစေရန်အတွက် စီးပွားရေးပညာရှင်များ၊ ဥပဒေပညာ ရှင်များနှင့် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ဖိတ်ကြားပြီး ဆွေးနွေးမှုပြုနိုင်ရန် ရည်ရွယ်၍ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

ဆက်စပ်သတင်းများ