• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့် ဥပဒေများဆိုင်ရာ အသိပညာ‌ပေးအစီအစဉ်သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အမှာစကားပြောကြား

07 October, 2023


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရုံး၌ ကျင်းပပြုလုပ်သည့် စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေများဆိုင်ရာ အသိပညာပေးအစီအစဉ်သို့ တက်ရောက်အမှာစကားပြောကြားရာတွင် အစိုးရဌာနအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိသည့် ဥပဒေများအနက် စားသုံးသူကာကွယ်ရေးဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေနှင့် မူပိုင်ခွင့်ဥပဒေတို့အား လေ့လာသိရှိနားလည်ပြီး အကျိုးရှိရှိအသုံးချနိုင်စေရန်နှင့် ယင်းဥပဒေများကို လိုက်နာကျင့်သုံးရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး အစီအစဉ်ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေ စသည့် ဥပဒေ (၃) ရပ်သည် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍစုံက ကြိုးပမ်းဆောင်ရွက် နေကြရာ၌ အဓိကထောက်တိုင်ကြီး (၃) ဖြစ်ပါကြောင်း၊ ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဥပဒေများအလိုက် ကော်မရှင်များနှင့် ဗဟိုကော်မတီများကို လည်း အသီးသီးဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ အဆိုပါဥပဒေ (၃) ရပ်ကို လိုက်နာဆောင်ရွက်ကြ ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများ၊ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ရှောင်ကျဉ်ရမည့် ကိစ္စရပ်များကို သိရှိနားလည်နိုင်မည်ဖြစ်ပြီး ဥပဒေရရှိခံစားနိုင်သော အကျိုးရလဒ်များကို ရရှိခံစားနိုင် စေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဥပဒေများအလိုက် ကျွမ်းကျင် ပညာရှင်များ တာဝန်ခံအရာထမ်းများက ဆွေးနွေးဟောပြောခဲ့ကြပါသည်။ ထို့နောက် အသိပညာပေး အစီအစဉ်သို့ တက်ရောက်လာသည့် အစိုးရဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခြင်းအပေါ် အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါ သည်။

ဆက်စပ်သတင်းများ