• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများ၏ ပဉ္စမအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးများ (5th ACFTA WGCC) တက်ရောက်ခြင်း

29 January, 2024


အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-China Free Trade Agreement-ACFTA) ညှိနှိုင်းဆွေးနွေးမှုများ၏ ပဉ္စမအကြိမ် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး (5th ACFTA WGCC) များကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့မှ ‌ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်လျက်ရှိပါသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ်‌ရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၂၈)ဦးက လူကိုယ်တိုင်နှင့် Virtual စနစ်တို့ဖြင့် တက်ရောက်လျက်ရှိပါသည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ကိုယ်စားလှယ်များက လူကိုယ်တိုင် ပါဝင်တက်ရောက်လျက်ရှိပါသည်။

အစည်းအဝေးများတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (၃.၀) အဆင့်မြှင့်တင်ရာတွင် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးအခန်း၌ ထည့်သွင်းမည့် ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးလျက်ရှိပါသည်။

 

ဆက်စပ်သတင်းများ