• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် Website (www.mmcc.gov.mm) မိတ်ဆက်ပွဲအခမ်းအနား ကျင်းပပြုလုပ်

28 February, 2024


မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် Website (www.mmcc.gov.mm) မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ နေ့လယ်ပိုင်းတွင် ရုံးအမှတ်(၅၂)၊ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Website မိတ်ဆက်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာ စကားပြောကြားရာတွင် စီးပွားရေးလုပ်ငန်းများအကြားတွင် မျှတသည့် ယှဉ်ပြိုင်မှုဖြစ်စေရေး၊ ဈေးကွက်ထိန်းချုပ်ခြင်းများ မရှိစေရေး၊ အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်နိုင်ရေး၊ ဈေးကွက်အတွင်း ကောင်းမွန်သည့် ယှဉ်ပြိုင်မှုများကို အားပေးပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူအားလုံး တပြေးညီတိုးတက်လာစေရေးနှင့် သာတူညီမျှခံစားခွင့်ရရှိ စေရေးတို့အတွက် ယှဉ်ပြိုင်မှုဥပဒေကိုပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယှဉ်ပြိုင်မှုဥပဒေ ပြဋ္ဌာန်းထားပြီး ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခြင်းများအပေါ် ကဏ္ဍ အလိုက် ဦးစားပေးအစီအစဉ်များဖြင့် အသိပညာပေးဆွေးနွေးမှုအစီအစဉ်များလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသိပညာပေးအစီအစဉ်များတွင် ဝက်ဘ်ဆိုဒ်များမှတစ်ဆင့် အသိပညာပေးခြင်းလည်း ပါဝင်သည့်အတွက် ယှဉ်ပြိုင်မှုဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ လွှင့်တင်ရယူနိုင်ရေး၊ ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားမှုများကို လက်ခံရယူနိုင်သည့် ပလက်ဖောင်းတစ်ခုအဖြစ် ဖန်တီးနိုင်ရေး၊ အာဆီယံဒေသတွင်းနှင့် မိတ်ဖက်နိုင်ငံ၊ အဖွဲ့အစည်း များ၏ ယှဉ်ပြိုင်မှုဆိုင်ရာ  Website များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် Website ကို ရေးဆွဲအကောင်အထည် ဖော်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်?

အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်အဖွဲ့ဝင်များ၊ အစိုးရဌာန/ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ်သတင်းများ