• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
တတိယအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

22 May, 2023


<p>တတိယအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်၊ နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ဆွေးနွေး ညှိနှိုင်းရေးဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် Ms. Lolibeth Ramit-Medrano က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။&nbsp;အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှု ဆိုင်ရာ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် မူဘောင်သဘောတူစာချုပ်၏ နိဒါန်းနှင့် အပိုဒ်(၁)မှ (၃)အထိ ပါဝင်မည့် စာသားမူကြမ်းများအပေါ် ဆွေးနွေးမှုကို အပြီးသတ်ပြီး အပိုဒ်(၄)&nbsp;&quot;ထိရောက်သော ယှဉ်ပြိုင်မှုအဖွဲ့ အစည်း&quot; မှစတင်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp;&nbsp; အာဆီယံဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ယှဉ်ပြိုင်မှုဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်မှုလွယ်ကူစေရေးအတွက် ဥပဒေ ဆိုင်ရာမူဘောင်တစ်ခုအဖြစ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်ကို ရေးဆွဲရခြင်း ဖြစ်ပါသည်။</p>

ဆက်စပ်သတင်းများ