• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
အိန္ဒိယယှဉ်ပြိုင်မှုကော်မရှင်မှ အဆင့်မြင့်အရာရှိများ ယှဉ်ပြိုင်မှုမူဝါဒဆိုင်ရာသင်တန်း လာရောက်ပို့ချခြင်း

03 June, 2024


<p style="margin-left:4.5pt; text-align:justify">&nbsp; &nbsp; မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများ၊ အခြားယှဉ်ပြိုင်မှုနှင့်ဆက်စပ်ဆောင်ရွက်လျက်ရှိသောဝန်ကြီးဌာနများမှ ဝန်ထမ်းများအနေဖြင့် အိန္ဒိယနိုင်ငံ၏ ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာကျင့်သုံးဆောင်ရွက်နေမှုအခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်နိုင်စေရန်ရည်ရွယ်၍ အိန္ဒိယယှဉ်ပြိုင်မှုကော်မရှင်မှ အဆင့်မြင့်အရာရှိများ လာရောက်ပို့ချသည့် ယှဉ်ပြိုင်မှုမူဝါဒဆိုင်ရာသင်တန်းကို ၃-၆-၂၀၂၄ ရက်နေ့မှ ၆-၆-၂၀၂၄ ရက်နေ့အထိ ရုံးအမှတ်(၃)၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ရုံး၊ နေပြည်တော်၌ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။</p> <p style="margin-left:4.5pt; text-align:justify">&nbsp; &nbsp; &nbsp; &nbsp;အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်၊ ဒေါက်တာသုတအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အိန္ဒိယယှဉ်ပြိုင်မှုကော်မရှင်မှ ဥပဒေအကြံပေး Mr.Ved Prakash Mishra က မိတ်ဆက်အမှာစကားပြောကြားခဲ့ပါသည်။</p> <p style="margin-left:4.5pt; text-align:justify">&nbsp;အိန္ဒိယယှဉ်ပြိုင်မှုကော်မရှင်မှ အဆင့်မြင့်အရာရှိ(၃)ဦး လာရောက်ပို့ချလျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ ဝန်ကြီးဌာနဥပဒေအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ရုံးမှဝန်ထမ်းများအပါအဝင် ဆက်စပ်ဝန်ကြီးဌာနများမှ အလယ်အလတ်အဆင့် အရာထမ်းသင်တန်းသား ၂၅ ဦး ပါဝင်တက်ရောက်လျက်ရှိပါသည်။</p>

ဆက်စပ်သတင်းများ