23 August, 2024
“ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ ရုံးလုပ်ငန်းတာဝန်များသင်တန်း” ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်တွင် ရုံးအမှတ် ၃၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးသိန်းက ဆွေးနွေးပို့ချခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာနမှ သင်တန်းသား စုစုပေါင်း ၂၀ ဦး တက်ရောက်ခဲ့ကြပါသည်။