• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
“ယှဉ်ပြိုင်မှုအာဏာပိုင်များနှင့် ကျန်းမာရေးကဏ္ဍအာဏာပိုင်များအကြား အလုပ်ရုံဆွေးနွေးပွဲ”

24 January, 2025


နေပြည်တော်၊ ဇန်နဝါရီလ၂၁ ရက်

          ယှဉ်ပြိုင်မှုအာဏာပိုင်များနှင့် ကျန်းမာရေးကဏ္ဍ အာဏာပိုင်များအကြား အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။        

          COVID-19 ကပ်ရောဂါကာလအတွင်းနှင့် ကပ်ရောဂါပြီးဆုံးပြီးနောက်ပိုင်း ယှဉ်ပြိုင်မှု ဥပဒေနှင့် ကျန်းမာရေးကဏ္ဍ ပြောင်းလဲမှုတို့အကြား အရေးကြီးသော ဆက်စပ်လုပ်ဆောင်ရမည့်အပိုင်းများကို ရှာဖွေဖော်ထုတ်နိုင်ရန်ရည်ရွယ်၍ ဤအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ကမ္ဘာ့ကျန်းမာရေးအကျပ်အတည်း၏ ဖိအားများအောက်၌ ယှဉ်ပြိုင်မှုနှင့် ကျန်းမာရေးကဏ္ဍ မည်ကဲ့သို့ ပြောင်းလဲဖြစ်ပေါ်ခဲ့သည်ကို ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံသုံးသပ်ကာ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စိန်‌ခေါ်မှုများနှင့် အခွင့်အလမ်းများကို ဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။

    အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် မူပိုင်ခွင့်ကဏ္ဍတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ဆက်စပ်သတင်းများ