21 May, 2025
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် အသစ်ခန့်ထားသည့် ဝန်ထမ်းများနှင့် ဌာနကူးပြောင်းရောက်ရှိလာသော ဝန်ထမ်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ မြန်မာ နိုင်ငံကုမ္ပဏီများဥပဒေ၊ လူမွဲခံယူခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ သိရှိစေရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်ဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းများ သိရှိစေရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် လိုက်ပါဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁၄) ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့မှ မေလ ၁၆ ရက်နေ့အထိ သင်တန်းပို့ချခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့၌ ယှဉ်ပြိုင်မှုဥပဒေသင်ခန်းစာကို ယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိရွှေစင်က သွားရောက်ပို့ချခဲ့ပြီး ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများနှင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။