• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
မန္တလေးတက္ကသိုလ်တွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် ဒေါက်တာသုတအောင် ဦးဆောင်၍ ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

17 July, 2025


မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် ဒေါက်တာသုတအောင်သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်၌ ဥပဒေပညာဌာန၊ စီးပွားရေးပညာဌာနနှင့် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့်တွေ့ဆုံကာ ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေနှင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (MMCC) တို့နှင့် စပ်လျဉ်းသည့် အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်၍ ဘာသာရပ်ဆိုင်ရာများ နှီးနှောဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဥပဒေပညာဌာန၊ စီးပွားရေးပညာဌာနနှင့် နိုင်ငံတကာဆက်ဆံရေးပညာဌာနနှင့် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) တက်ရောက်နေကြသော ကျောင်းသူ/ကျောင်းသူများက  မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပြောင်းလဲတိုးတက်လာသော စည်းမျဉ်းစည်းကမ်းအသစ်များဖြစ်သည့် ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှုထောင့်ပေါင်းစုံမှ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင် ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် ဒေါက်တာသုတအောင်က မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်၏ အစီအစဉ်တစ်ခုဖြစ်သည့် ယှဉ်ပြိုင်မှုဥပဒေနှင့်စပ်လျဉ်း၍ အခြားအာဆီယံဒေသတွင်းနိုင်ငံများမှ ပြဋ္ဌာန်းထားသော ယှဉ်ပြိုင်မှုဥပဒေများကို မြန်မာဘာသာသို့ ဘာသာပြန်ဆိုရန်အတွက် စိတ်ပါဝင်စားသော ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသား/ကျောင်းသူများကို ဖိတ်ခေါ်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများကလည်း ထိုသို့အဆိုပြုဖိတ်ခေါ်ခြင်းအပေါ် စိတ်အားထက်သန်စွာ လက်ခံခဲ့ကြပါသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် မန္တလေးတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများအနေဖြင့် ဒေသတွင်းဥပဒေဆိုင်ရာသုတေသနများ တိုးတက်မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ အသိပညာပေးလုပ်ငန်းများအား ပံ့ပိုးကူညီရန် စိတ်ဝင်စားမှုမြင့်မားကြောင်း တွေ့ရှိခဲ့ရပါသည်။

ဆက်စပ်သတင်းများ