26 February, 2026
“ယှဉ်ပြိုင်မှုကိုဆန့်ကျင်သော သဘောတူညီချက်များဆိုင်ရာ ASEAN-BRICS အလုပ်ရုံ ဆွေးနွေးပွဲ” (The ASEAN-BRICS Capacity Building Workshop on Anti-Compitative Agreements) ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ (ASEAN Experts Group on Competition - AEGC) ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယှဉ်ပြိုင်မှုအဖွဲ့အစည်း (Federal Antimonopoly Services of the Russia Federation – FAS Russia) မှ ဒုတိယအကြီးအကဲ တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ AEGC အဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာကိုယ်စားလှယ်များ၊ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများ (Brazil၊ Russia၊ India၊ China၊ South Africa - BRICS) လုပ်ငန်းအဖွဲ့ဝင်နိုင်ငံများရှိ ယှဉ်ပြိုင်မှုဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီးမြန်မာနိုင်ငံများမှ ကိုယ်စားလှယ်များအဖြစ်မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ အရာထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် BRICS အဖွဲ့ဝင်နိုင်ငံများရှိ ယှဉ်ပြိုင်မှုဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် လုပ်ငန်းများမတရားပေါင်းစည်းခြင်းများအပေါ် ဥပဒေဖြင့် ထိန်းကျောင်း အရေးယူ ဆောင်ရွက်နေမှု အခြေအနေများ၊ ASEAN-BRICS နိုင်ငံများတွင် ယှဉ်ပြိုင်မှုကို ဆန့်ကျင်သည့် သဘောတူညီချက်များနှင့်စပ်လျဉ်း၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အမှုဖြစ်စဉ်များ၊ အနာဂတ်တွင် ASEAN-BRICS နိုင်ငံများအကြား နိုင်ငံဖြတ်ကျော် လုပ်ငန်းများမတရားပေါင်းစည်းခြင်းအပေါ်ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။