• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
“(၃၆) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ” တက်ရောက်ခြင်း

10 April, 2026


      “(၃၆) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်မှ ၁၀ ရက်အထိ လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးနှင့်အတူ  “ဉာဏ်ရည်တု (Artificial Intelligence-AI)”ကြောင့် ‌ဈေးကွက်ယှဉ်ပြိုင်မှုအပေါ် သက်ရောက်မှုအလုပ်ရုံဆွေးနွေးပွဲနှင့် (၆) ကြိမ်မြောက်အာဆီယံ ယှဉ်ပြိုင်မှုအာဏာပိုင်များ ကွန်ရက် (ASEAN Competition Enforcers Network-ACEN) အစည်းအဝေးများကိုပါ တစ်ဆက်တည်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုမူဝါဒများနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ညှိနှိုင်းဆွေးနွေးနိုင်ရန်နှင့် အာဆီယံနှင့် ဖွံ့ဖြိုးမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများအကြား နည်းပညာနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် ဒေါက်တာ သုတအောင်နှင့် ကော်မရှင်ရုံးမှအရာထမ်းများ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ဆက်စပ်သတင်းများ