• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
“ဒီဂျစ်တယ်ခေတ်နှင့်အညီ ပြောင်းလဲလာသည့် ဈေးကွက်လက်ဝါးကြီးအုပ်မှု တားဆီးရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်မူပိုင်ခွင့်ဆိုင်ရာဆွေးနွေးပွဲ” တက်ရောက်ခြင်း

08 June, 2026


     ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်မှ ၆ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဆွေးနွေးပွဲ (XXIX St.Petersburg International Economic Forum) နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယှဉ်ပြိုင်မှု အဖွဲ့အစည်းက ဦးဆောင်ကျင်းခဲ့သည့် “ဒီဂျစ်တယ်ခေတ်နှင့်အညီ ပြောင်းလဲလာသည့် ဈေးကွက် လက်ဝါးကြီးအုပ်မှုတားဆီးရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်မူပိုင်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ” သို့ မြန်မာ နိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် ဒေါက်တာသီတာစန်းနှင့် ကော်မရှင်ရုံး အရာထမ်းများ (၂) ဦး ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် ဈေးကွက်စီးပွားရေးစနစ်တွင် ဈေးကွက်လက်ဝါးကြီးအုပ် ဆောင်ရွက် ခြင်းကို တားဆီးသည့် စည်းမျဉ်းစည်းကမ်းများနှင့်မူပိုင်ခွင့်ကို အကာအကွယ်ပေးခြင်း ပြဿနာရပ်များ၊ ယှဉ်ပြိုင်မှုကို ကာကွယ်ရန် ရည်ရွယ်သည့် ဥပဒေများအား ချိုးဖောက်မှုများကို တားဆီးခြင်းနှင့် အခွင့် အရေးပိုင်ရှင်များ၏ ရပိုင်ခွင့်များအကြား ထိန်ကျောင်းနိုင်မည့် နည်းလမ်းကို ရှာဖွေခြင်းဆိုင်ရာ ပြဿနာ များကို အဓိကထားဆွေးနွေးခဲ့ကြပါသည်။

ဆက်စပ်သတင်းများ