17 July, 2026
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်မှ ၁၅ ရက်အထိ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် “ဒီဂျစ်တယ်စီးပွားရေးစနစ်ဆိုင်ရာ ဈေးကွက်လေ့လာသုံးသပ်မှု အသိပညာမျှဝေခြင်းအစီအစဉ်” သို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အသိပညာမျှဝေခြင်းအစီအစဉ်သို့ တက်ရောက်ခြင်းဖြင့် ဒစ်ဂျစ်တယ်ဈေးကွက်စနစ် အတွင်းရှိ ဈေးကွက် ဖွဲ့စည်းပုံများနှင့် ထောက်ပံ့ရေးကွင်းဆက်များဆိုင်ရာ အသေးစိတ်အချက်အလက် များ၊ မလေးရှားနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍအတွင်း ယှဉ်ပြိုင်မှုအခြေအနေများ၊ ဈေးကွက် လှုပ်ရှားမှုများနှင့် စည်းမျဉ်းစည်းကမ်း မူဘောင်များကို ပိုမိုတိုးတက်ကောင်းမွန်စေမည့် အခွင့်အလမ်း များအပေါ် အသေးစိတ်သုံးသပ်မှုများအား လေ့လာသိရှိခဲ့ရပါသည်။