• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
“(၃) ကြိမ်မြောက် အာဆီယံ-ဥရောပသမဂ္ဂ ယှဉ်ပြိုင်မှုဆိုင်ရာ ရက်သတ္တပတ်” ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

12 November, 2026


<p style="text-align: justify;">&nbsp; &nbsp; &nbsp; &nbsp;(၃) ကြိမ်မြောက် အာဆီယံ-ဥရောပသမဂ္ဂ ယှဉ်ပြိုင်မှုဆိုင်ရာ ရက်သတ္တပတ် (3rd ASEAN-EU Competition Week) ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ&nbsp; Virtual စနစ် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဥရောပသမဂ္ဂ (အီးယူ) နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေဆိုင်ရာအတွေ့အကြုံများ၊ အလေ့အကျင့်ကောင်းများဖလှယ်နိုင်ရန်နှင့် ဒေသတွင်း ယှဉ်ပြိုင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။&nbsp; အဆိုပါဆွေးနွေးပွဲတွင် &ldquo;ယှဉ်ပြိုင်မှုဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြင့်မားရေး&rdquo; ၊ &ldquo;ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့် လိုက်နာဆောင်ရွက်မှုအစီအစဉ် များ&rdquo; နှင့် &ldquo;ဒေသတွင်း ယှဉ်ပြိုင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ဥပဒေမူဘောင်များနှင့် လက်တွေ့ဆောင်ရွက်မှုများ&rdquo; တို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။&nbsp; ဆွေးနွေးပွဲတွင် ဥရောပသမဂ္ဂ (အီးယူ) မှ ယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များက Speaker များအဖြစ် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ (၃) ကြိမ်မြောက် အာဆီယံ-ဥရောပသမဂ္ဂ ယှဉ်ပြိုင်မှုဆိုင်ရာ ရက်သတ္တပတ် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသုတအောင်က &ldquo;ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့် လိုက်နာဆောင်ရွက်မှုအစီအစဉ်များ&rdquo; ခေါင်းစဉ် အောက်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ယှဉ်ပြိုင်မှု ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဆိုင်ရာ အစီအစဉ်တွင် Speaker အဖြစ် ပါဝင်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။</p>

ဆက်စပ်သတင်းများ