• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
“(၃) ကြိမ်မြောက် အာဆီယံ-ဥရောပသမဂ္ဂ ယှဉ်ပြိုင်မှုဆိုင်ရာ ရက်သတ္တပတ်” ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

13 November, 2026


            (၃) ကြိမ်မြောက် အာဆီယံ-ဥရောပသမဂ္ဂ ယှဉ်ပြိုင်မှုဆိုင်ရာ ရက်သတ္တပတ် (3rd ASEAN-EU Competition Week) ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ  Virtual စနစ် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဥရောပသမဂ္ဂ (အီးယူ) နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေဆိုင်ရာအတွေ့အကြုံများ၊ အလေ့အကျင့်ကောင်းများဖလှယ်နိုင်ရန်နှင့် ဒေသတွင်း ယှဉ်ပြိုင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

              အဆိုပါဆွေးနွေးပွဲတွင် “ယှဉ်ပြိုင်မှုဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြင့်မားရေး” ၊ “ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့် လိုက်နာဆောင်ရွက်မှုအစီအစဉ် များ” နှင့် “ဒေသတွင်း ယှဉ်ပြိုင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ဥပဒေမူဘောင်များနှင့် လက်တွေ့ဆောင်ရွက်မှုများ” တို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။

              ဆွေးနွေးပွဲတွင် ဥရောပသမဂ္ဂ (အီးယူ) မှ ယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များက Speaker များအဖြစ် ပါဝင်ဆွေးနွေးခဲ့ကြပါ သည်။

              အဆိုပါ (၃) ကြိမ်မြောက် အာဆီယံ-ဥရောပသမဂ္ဂ ယှဉ်ပြိုင်မှုဆိုင်ရာ ရက်သတ္တပတ် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသုတအောင်က “ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့် လိုက်နာဆောင်ရွက်မှုအစီအစဉ်များ” ခေါင်းစဉ် အောက်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ယှဉ်ပြိုင်မှု ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဆိုင်ရာ အစီအစဉ်တွင် Speaker အဖြစ် ပါဝင်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ်သတင်းများ