23 November, 2026
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်မှ ၂၄ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော်၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုဝင်ဘာလ ၂၃ ရက်တွင် ကျင်းပပြုလုပ်သည့် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်၊ ဥပဒေ ပညာရှင် ဒေါက်တာ သီတာစန်းမှ Panelist အဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင်၊ ဒေါက်တာ သီတာစန်းမှ MSME လုပ်ငန်းရှင်များ သိရှိလိုက်နာသင့်သည့် ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ကော်မရှင်၏ အခန်းကဏ္ဍ၊ လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။