• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
The Importance of Competition and Competition Law for Private Sector ခေါင်းစဉ်ဖြင့် ပြည်တွင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း (၂၉-၅-၂၀၁၅)

19 May, 2015


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ဖရက်ဒရစ် နော်မန်ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒအပေါ် ပုဂ္ဂလိကကဏ္ဍမှ သိရှိ လိုက်နာမှုမြှင့်တင်ရေးအတွက် " The Importance of Competition and Competition Law for Private Sector" ခေါင်းစဉ်ဖြင့် ပြည်တွင်းအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ်၊ မေလ ၂၉ ရက်တွင် ရန်ကုန်မြို့၊ ဖရက်ဒရစ်နော်မန်ဖောင်ဒေးရှင်း ရုံးခန်း၌ဖွင့်လှစ်ထားသည့် အဆောက်အဦ ရှိ SME ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် Thailand, Chiang Mai University မှ Lecturer in Law, Dr. Pornchai Wisuttisak ၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးရန်နိုင်မြင့်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစပယ်ကြည်မောင်တို့က ပို့ချဆွေးနွေးခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍ (ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ရန်ကုန်တက္ကသိုလ်ဥပဒေဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်စက်မှုဇုန်၊ ကုန်သွယ်မှု လေ့ကျင့်ရေးသင်တန်းကျောင်း) ကိုယ်စားလှယ် (၄၉)ဦး တက်ရောက်ခဲ့ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံတွင် အသစ်ပြဋ္ဌာန်းခဲ့သည့် ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေအပေါ် ပုဂ္ဂလိကကဏ္ဍမှ နားလည်သိရှိမှုကို မြှင့်တင်ပေးရန်၊ ပြည်ပမှ လာရောက် သင်ကြားပို့ချပေးသည့် ကျွမ်းကျင်သူ၊ မြန်မာနိုင်ငံမှ ယှဉ်ပြိုင်မှုဆိုင်ရာ တာဝန်ရှိသူ များနှင့် တက်ရောက်လာသူများအကြား ယှဉ်ပြိုင်မှုဆိုင်ရာအတွေ့အကြုံများ ဖလှယ်နိုင်ရန်တို့ ဖြစ်ပါသည်။

ဆက်စပ်သတင်းများ