04 October, 2015
Friedrich Naumann Foundation (FNF) ၏ အထောက်အပံ့ဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့သို့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်မှ ၉ ရက်အထိ (၆)ရက်ကြာ သွားရောက် ခဲ့သော ယှဉ်ပြိုင်မှုဆိုင်ရာလေ့လာရေးခရီးစဉ်တွင် ကုန်သွယ်ရေးဦးစီးဌာနမှ ဦးမင်းမင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ကုန်သွယ်မှုလွယ်ကူစေရေးနှင့် စေ့စပ်ညှိနှိုင်းရေး) မှ ဦးဆောင်၍ ကိုယ်စားလှယ် (၁၁)ဦးနှင့်အတူ သွားရောက်လေ့လာခဲ့ပါသည်။ လေ့လာရေးအဖွဲ့ဝင်များတွင် ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ (၃)ဦး၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ (၁)ဦး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ (၁)ဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ (၁)ဦး၊ အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်း (SME) မှ (၁)ဦး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ (၁)ဦး၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ (၁)ဦး၊ UMFCCI မှ (၁)ဦး နှင့် ရန်ကုန်မီဒီယာအုပ်စုမှ (၁)ဦးတို့ ပါဝင်ပါသည်။ လေ့လာရေးခရီးစဉ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ယှဉ်ပြိုင်မှုကော်မရှင် (KPPU) ၏ ဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များ၊ စုံစမ်းစစ်ဆေးခြင်း၊ စီရင်ဆုံးဖြတ်ခြင်း၊ ပြစ်ဒဏ်ပေးခြင်း၊ ယှဉ်ပြိုင်မှုဆိုင်ရာ အကော်အထည်ဖော်ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု အခြေ အနေများကို လက်တွေ့လေ့လာခဲ့ပါသည်။