02 June, 2016
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာနနှင့် ဩစတြေးလျ နိုင်ငံမှ ယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူတို့က UMFCCI အသင်းချုပ်ရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂ ရက်တွင် ရန်ကုန်မြို့၊ UMFCCI အသင်းချုပ်ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဩစတြေးလျနိုင်ငံ ယှဉ်ပြိုင်မှုနှင့်စားသုံးသူ ရေးရာကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူး Mr. Stewart McKehnie က ယှဉ်ပြိုင်မှု ဆိုင်ရာ အတွေ့အကြုံများနှင့်ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ ကလည်း သိရှိလိုသည်များကို မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။