• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
ယှဉ်ပြိုင်မှုဆိုင်ရာ ပြည်တွင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း (၇-၆-၂၀၁၆ မှ ၈-၆-၂၀၁၆ ထိ)

07 June, 2016


ယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒ အကျိုးကျေးဇူးများနှင့် စိန်ခါ်မှုများကို အသိပညာဖြန့်ဝေ ပေးရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဖရက်ဒရစ်နော်မန် ဖောင်ဒေးရှင်း(FNF)တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သော "Benefits and Challenges of Competition Law & Policy" ပြည်တွင်းအလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့ Hotel Hazel တွင် ၂၀၁၆ ခုနှစ် ဇွန်လ ၇ ရက်မှ ၈ ရက်အထိ (၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါ သည်။ မန္တလေးမြို့ရှိဌာနအသီးသီးမှတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မန္တလေးမြို့မှ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေး၊ FNF မှ စီးပွားရေး မူဝါဒအကြံပေး ဒေါ်နွေးနွေးစိုးတို့က အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့ ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်လင်း ဇော်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစပယ်ကြည်မောင်၊ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် မှ ကထိက ဒေါက်တာ Pornchi Wisutt Isak ၊ ဩစတြေးလျယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာ ကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူး Mr. Stewart McKehnie တို့က ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေနှင့် ယှဉ်ပြိုင်မှုဆိုင်ရာ အတွေ့အကြုံများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြပါ သည်။

အလုပ်ရုံဆွေးနွေးပွဲအား ယှဉ်ပြိုင်မှုမူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေမူကြမ်းနှင့် ပတ်သက်သည့် အခြေအနေများကို ပုဂ္ဂလိကကဏ္ဍမှ ပိုမိုသိရှိနားလည်စေရန်၊ ပုဂ္ဂလိကကဏ္ဍအတွင်း ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေအပေါ် ၄င်းတို့၏နားလည်နိုင်မှုနှင့် ထောက်ပံ့ပေးနိုင်မှုကို မြှင့်တင်ရန်၊ ထိုင်းနိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့မှ ယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအကြား ဗဟုသုတနှင့် အတွေ့အကြုံများဖလှယ်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

ဆက်စပ်သတင်းများ