• +95-67(3)408505
  • mmcc.office@commerce.gov.mm
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်
မူလစာမျက်နှာ \ ပူးပေါင်းဆောင်ရွက်ခြင်း
ယှဉ်ပြိုင်မှုကော်မရှင်ရုံးနှင့် FNF တို့ပူးပေါင်း၍ အာဆီယံမှထုတ်ထားသည့် တရားသူကြီးများအတွက် ယှဉ်ပြိုင်မှုဆိုင်ရာလက်စွဲစာစောင်များကို မြန်မာ ဘာသာပြန်ဆိုထုတ်ဝေခြင်း

26 May, 2020


ယှဉ်ပြိုင်မှုကော်မရှင်ရုံးနှင့် ဖရက်ဒရစ်နော်မန်ဖောင်ဒေးရှင်း (FNF)တို့ ပူးပေါင်း၍ အာဆီယံမှထုတ်ဝေထားသည့် တရားသူကြီးများအတွက် ယှဉ်ပြိုင်မှုဆိုင်ရာလက်စွဲ စာစောင် (Primer) များကို မြန်မာဘာသာပြန်ဆို၍ စာအုပ်အဖြစ်စုစည်းကာ ပုံနှိပ်ခဲ့ပါသည်။ အဆိုပါ လက်စွဲစာစောင်များနှင့် ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေ စာအုပ်များကို ပြည်ထောင်စုတရားရုံးချုပ်လက်အောက်ရှိ မြို့နယ်တရားရုံးများတွင် လက်စွဲအဖြစ်ထားရှိ အသုံးပြုနိုင်ရေးအတွက်လည်းကောင်း၊ ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေစာအုပ်များကို ပြည်ထောင်စုရှေ့နေချုပ်ရုံးအောက်ရှိ မြို့နယ်ဥပဒေရုံး များတွင် လက်စွဲအဖြစ် ထားရှိအသုံးပြုနိုင်ရေးအတွက်လည်းကောင်း (၂၆-၅-၂၀၂၀) ရက်နေ့တွင် သက်ဆိုင်ရာ တရားရုံးများသို့ ပေးပို့ဖြန့်ချိခဲ့ပါသည်။