• +95-67(3)408505
  • mmcc.office@commerce.gov.mm
တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၂၀) အပြည်ပြည်ဆိုင်ရာ မှတ်ပုံတင်လျှောက်ထားခြင်း

၈၉။ အပြည်ပြည်ဆိုင်ရာ တီထွင်မှုမူပိုင်ခွင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တွင် နိုင်ငံတော်က အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီးနောက် ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ တီထွင်မှုမူပိုင်ခွင့် လျှောက်ထား လိုသူများသည် အပြည်ပြည်ဆိုင်ရာ မှတ်ပုံတင်စနစ်ကို ကျင့်သုံးလိုပါက သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။

၉၀။ မှတ်ပုံတင်အရာရှိသည် နိုင်ငံတော်အား ဖော်ပြလျှောက်ထားသော အပြည်ပြည်ဆိုင်ရာ လျှောက်ထား ချက်တစ်ခုကို တီထွင်မှုမူပိုင်ခွင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အရ ခွင့်ပြုသော အပြည်ပြည် ဆိုင်ရာတွင် လျှောက်ထားသည့်နေ့ကို နိုင်ငံတော်တွင် လျှောက်ထားသည့်နေ့အဖြစ် သတ်မှတ်ပြီး ဤဥပဒေအရ လျှောက်ထားသော တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်တစ်ခုအဖြစ် မှတ်ယူရမည်။

၉၁။ ဦးစီးဌာနသည် မြန်မာနိုင်ငံသား သို့မဟုတ် နိုင်ငံတော်တွင် နေထိုင်သူတစ်ဦးက အပြည်ပြည်ဆိုင်ရာ လျှောက်ထားချက်တစ်ခု တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ လျှောက်လွှာလက်ခံသည့်ရုံးအဖြစ်ဆောင်ရွက်ရ မည်။

၉၂။ ဦးစီးဌာနသည် ဤဥပဒေအရ တီထွင်မှုမူပိုင်ခွင့် သို့မဟုတ် အသေးစားတီထွင်မှု အကာအကွယ်ကို ရရှိရန် နိုင်ငံတော်ကို ဖော်ပြလျှောက်ထားလာသော အပြည်ပြည်ဆိုင်ရာ လျှောက်ထားချက်တစ်ခု နှင့်စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်ရန် သတ်မှတ်ထားသည့်ရုံးအဖြစ် ဆောင်ရွက်ရမည်။