• +95-67(3)408505
  • mmcc.office@commerce.gov.mm
တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၁၂) ဦးစားပေးအခွင့်အရေး

၄၃။ ပါရီကွန်ဗင်းရှင်း သို့မဟုတ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံတစ်ခုခုတွင် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခဲ့သူ သို့မဟုတ် ထိုလျှောက်ထားသူ၏ လွှဲပြောင်းပေးခြင်းခံရသူသည် စတင်လျှောက်ထား ခဲ့သည့်နေ့မှ တစ်နှစ်အတွင်း ဦးစီးဌာနသို့ တူညီသောတီထွင်မှုကို မှတ်ပုံတင်ပေးရန် လျှောက်ထားလျှင် အဆိုပါ စတင်လျှောက်ထားသည့်နေ့ကို လျှောက်ထားသည့်နေ့အဖြစ် ဦးစားပေးအခွင့်အရေး ခံစား ရမည်။

၄၄။ ပါရီကွန်ဗင်းရှင်း သို့မဟုတ် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံတစ်ခုခုတွင် သက်ဆိုင်ရာ နိုင်ငံ အစိုးရက ကြီးမှူးကျင်းပသော သို့မဟုတ် အသိအမှတ်ပြုသော အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ၌ ခင်းကျင်းပြသခဲ့သည့် တီထွင်မှုအတွက် စတင်ခင်းကျင်းပြသခဲ့သည့်နေ့မှ တစ်နှစ်အတွင်း ဦးစီးဌာနတွင် တူညီသော တီထွင်မှုကို မှတ်ပုံတင်ပေးရန်လျှောက်ထားလျှင် အဆိုပါ စတင်ခင်းကျင်းပြသခဲ့သည့်နေ့ကို လျှောက်ထားသည့်နေ့အဖြစ် ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးခံစားရမည်။

၄၅။ ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးသည် ပုဒ်မ ၄၃ အရ လျှောက်ထားသည့်နေ့မှ စတင်ရရှိသည့် ဦးစားပေးအခွင့်အရေး ကာလထက် မကျော်လွန်စေရ။

၄၆။ လျှောက်ထားသူသည် သတ်မှတ်ထားသည့် ကာလအတွင်း စာရွက်စာတမ်းများ တင်ပြနိုင်ခြင်း မရှိလျှင် မှတ်ပုံတင်အရာရှိထံ ဦးစားပေးအခွင့်အရေး ပြန်လည်ရရှိရေးအတွက် ပုဒ်မ ၃၁၊ ပုဒ်မခွဲ (က) နှင့်အညီ တောင်းဆိုချက်တစ်ရပ်ကို တင်ပြနိုင်သည်။